ဖောင်းပြင်မြို့ ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့ ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီး

MNP - ဖေဖော်ဝါရီ     ၁၈

ဖောင်းပြင်မြို့၌ ကမ်းနားလမ်း မြစ်ကမ်းပါးပြိုကျမှုကို ကာကွယ်နိုင်ရန်အတွက် ယခင်နှစ်များက ဆောင်ရွက်ထားရှိခဲ့သည့် မြေထိန်းနံရံများအရှေ့တွင် ယခုနှစ်မိုးရာသီအချိန်နောက်ပိုင်း ချင်းတွင်းမြစ်ရေကျဆင်းချိန် ပြတ်ရွေ့ကြောများဖြစ်ပေါ်ခဲ့ပြီး ယခင်မြေထိန်းနံရံများနှင့် မြေသား ပြတ်ရွေ့ကြောများ ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးနိုင်ရန် ကာကွယ်မှုစွမ်းအားမြင့်မားသည့် Bore Pile အခြေပြုသံကူကွန်ကရစ်မြေ ထိန်းနံရံနှင့် ကျောက်ပြားကပ်တမံ အရှည်(၃၄၀) ပေအား  ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၄၆ ဒသမ ၇၅၀) သန်းဖြင့် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ယမုံဦးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံးကို မတ်လ ၂၀ ရက်နေ့တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးက “ယခင်ကဆောင်ရွက်ခဲ့တဲ့ ကျောက်စီ မြေထိန်းနံရံဟောင်းတွေရဲ့ အရှေ့မှာ ပြတ်ရွေ့ကြောဖြစ်ပေါ်ခဲ့တာကြောင့် ယခင်မြေထိန်းနံရံကို အထောက်အကူဖြစ်စေဖို့အတွက် စွမ်းအားမြင့်မြေ ထိန်းနံရံကို ဆောင်ရွက်ပေးခဲ့တာပါ။ အထူးသဖြင့်တော့ မြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကမ်းပါးပြိုကျပြီး ပြောင်းရွေ့ ရခြင်းမှ ကင်းဝေးကြဖို့၊ မြို့အင်္ဂါရပ်ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်ဖို့နဲ့ ချင်းတွင်းမြစ်တစ်လျှောက် ရေလမ်းကြောင်းများ ကောင်းမွန်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နဲ့ ကျေးရွာတွေမှာ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဖောင်းပြင်မြို့ ကမ်းပြိုကာကွယ်ရေးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေနဲ့ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်မှာ ငွေကျပ် (၂၄၆ ဒသမ ၅၀) သန်းကိုအသုံးပြုပြီး ဆောင်ရွက်နေပြီးတော့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် သန်း (၃၀၀) ကို အသုံးပြုပြီး ဆက်လက် ဆောင်ရွက်ပေးဖို့ လျာထားပြီးဖြစ်ပါတယ်။” ဟု ပြောကြားထားသည်။

သတင်း - ကိုထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)