မြောင်းမြမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပဇ္ဇောတာရုံ(တိုက်သစ်) ကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပဇ္ဇောတာရုံ(တိုက်သစ်) ကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 


MNP - ဖေဖော်ဝါရီ    ၁၈

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ ဆွန်းဆန်တော်များ လစဉ် ဆက်ကပ်လှူဒါန်းလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြောင်းမြမြို့ ပဇ္ဇောတာရုံ (တိုက်သစ်ကျောင်းတိုက်ရှိ ဆရာတော်နှင့် သံဃာတော်အပါး(၄၀)အတွက် ဆွမ်းဆန်တော်များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ဆက်ကပ် လှူဒါန်းရာတွင် ပဇ္ဇေတာရုံ(တိုက်သစ်)ကျောင်းတိုက် ဆရာတော်က  ဩဝါဒစကားများ မိန့်ကြားတော်မူပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနော်မိုင်လှကြည်နှင့်တာဝန်ရှိသူ(၂)ဦးတို့က ဆွမ်းဆန်တော် တစ်တင်းခွဲဝင် ဆန်အိတ်(၈)အိတ်တို့အား ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)