MNP ၊ ဖေဖော်ဝါရီ ၂၃
မဲလိမ် မဲခိုးမှုများကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ခဲ့ရပြီးနောက် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် ဦးဆောင်လှုံ့ဆော်ခဲ့သူ မင်းကိုနိုင်အား ၅၀၅-က ဖြင့် ဝရမ်းထုတ်ဆင့်ခဲ့ရာ မင်းကိုနိုင်မှာ အကြမ်းဖက်အားပေး အမေရိကန်၏ အကူအညီဖြင့် အမေရိကသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
တစ်နှစ်ကျော်ကြာပြီးနောက် ဆူပူအကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေးများ၏ နေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းမှုများ ဆောင်ရွက်လျက်ရှိရာ ဝရမ်းပြေး ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင်၏ နေအိမ်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။
ဆူပူအကြမ်းဖက်လှုံ့ဆော်သူများထဲတွင် မင်းကိုနိုင်၊ ဂျင်မီ၊ မျိုးရန်နောင်သိန်း၊ အဆိုတော်လင်းလင်း၊ အပျံမ (ခ) ပန်ဆယ်လို၊ မောင်မောင်အေး၊ အင်းစိန်အောင်စိုး တို့ (၇)ဦးမှာ ၅၀၅-က ဖြင့် ပထမဆုံး ဝရမ်းထုတ်ခဲ့သူများဖြစ်ပြီး အကြမ်းဖက်လုပ်ဖောက်ခွဲတိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုများကို ဦးဆောင်ခဲ့သူ ဂျင်မီတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့သည်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အပျံမ(ခ) ပန်ဆယ်လို တို့ (၃)ဦးမှာ အကြမ်းဖက်အားပေး အမေရန်ကန်၏ အကူအညီဖြင့် အမေရိကန် နိုင်ှုံသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အမေရိကန်နိုင်ငံအတွင်း ရန်ပုံငွေရှာဖွေပွဲများ ကျင်းပကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများထံ ငွေကြေး ထောက်ပံ့ပေးလျှက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment