ပြင်ဦးလွင်မြို့ရှိ ရတနာမာရ်အောင်ကျောင်းစာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ရှိ ရတနာမာရ်အောင်ကျောင်းစာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း


MNP - ဖေဖော်ဝါရီ    ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော် အပါး (၈၀) အတွက်  ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်သို့  သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းရာတွင်  ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်က ဩဝါဒစကားများ မိန့်ကြားတော်မူပြီး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ (၂) ဦးတို့က ဆွမ်းဆန်တော် တစ်တင်းခွဲဝင် ဆန်အိတ် (၆) အိတ် တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)