ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစကလေးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစကလေးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေး

 


MNP - ဖေဖော်ဝါရီ     ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်ထွန်းဇော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ် များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)