ရေးမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး


MNP - ဖေဖော်ဝါရီ    ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာ‌ရေး ဦးစီးဌာနမှ ဆရာမများက မွေးစမှ  အသက်(၂)နှစ်အောက် ကလေးငယ်များအား   ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/  တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်      မိခင်များအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုမှ ကာကွယ်ဆေး တိုက်ကျွေးမှုများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မိခင်များကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - သီမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)