ကျောက်တန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ်ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ်ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု(၆)လ ဘဏ္ဍာရေးနှစ်   ပြည်ထောင်စု ရန်ပုံငွေဖြင့် Bruno Mars Co.,Ltd မှတာဝန်ယူဆောင်ရွက်ခဲ့သည့် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ် မြေသားလမ်းသစ် ဖွင့်ပွဲအခမ်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက် ၁၁ နာရီက အဆိုပါ ကုန်ထုတ်လမ်းသစ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်ပိုင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက အဖွင့်အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က နုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ/ကျေးရွာသားများကိုယ်စား နရွဲချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သန်လျင်ရေတပ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသက်တင်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးသက်နောင်နှင့် ရပ်မိရပ်ဖ ဦးမြင့်အေးတို့က အဆိုပါ လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ်မြေသားလမ်းသစ် မှာ ၁/၅မိုင်အရှည် ၁၈ပေအကျယ် ၂ ပေအမြင့်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြိုနယ်တွင် ၂၀၂၀-၂၀၂၁ ခု(၆)လ ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ်တံတား(၂)စင်းနှင့် Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း တို့အား ရန်ပုံငွေ(၁၀၁.၅၃)ကျပ်သန်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်း(၁၂)ခု တို့အား ရန်ပုံငွေ(၉၉.၆၈၅) ကျပ်သန်းဖြင့်လည်းကောင်း၊ တိုင်းအစိုးရရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ် မြေသားနှင့် ဂဝံလမ်းဖောက်လုပ်ခြင်း လုပ်ငန်း(၁)ခု၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့အား ရန်ပုံငွေ ၁၆၂.၃၄ ကျပ်သန်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၃ ခုအား ရန်ပုံငွေ ၁၅၁.၅၇ ကျပ်သန်းဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းကျေးလက်ကုန်ထုတ်လမ်း ၂ လမ်း၊ ကွန်ကရစ်တံတား၃စင်း၊ Box Culvert (၄) စင်းနှင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းပေါင်း ၂၅ ခုတို့အား ရန်ပုံငွေစုစုပေါင်း ၅၁၅.၁၂၅ ကျပ်သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ်မြေသားလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် (၂/၄.၄မိုင်) အား ဖောက်လုပ်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင်ကျန်ရှိသော (၁/၅မိုင်) အား ဆက်လက်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကုန်ထုတ်မြေသားလမ်း ဖောက်လုပ်လိုက်ခြင်းကြောင့် အိမ်ခြေ(၇၅၇)အိမ်၊ လူဦးရေ (၃၄၈၇) ဦးအား အကျိုးပြုပြီး စိုက်ပျိုးရေးလယ်ဧက (၆၆၀၀) ဧကအား အကျိုးပြုမည်ဖြစ်ပါ၍ ကျေးလက်နေပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး မိမိတို့လယ်ယာမြေမှ ထုတ်ကုန် ပစ္စည်းများအား အချိန်မီအလွယ်တကူ တင်ပို့ရောင်ချနိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်ပေါက်ကာ လူမှုရေး၊ စီးပွားရေး တွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အိသန္တာချို 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)