ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ




MNP - ဖေဖော်ဝါရီ     ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ဆက် လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်ထုတ်ပေးရာတွင် မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ(၃၀၀၀)ဦးရှိပြီး လစဉ် ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ်နံနက် ၇ နာရီခွဲအချိန်မှ စတင်ထုတ်ပေးပြီး နောက်ပိုင်းရက်များတွင် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်အတွင်း ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူရာတွင် နားနေရန်ရုံးရှေ့၌ နားနေဆောင် စီစဉ်ထားရှိပေးထားကြောင်းနှင့် ယနေ့လာရောက်ထုတ်ယူသူ (၁၃၆)ဦးရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)