ပေါက်ခေါင်းမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့၏ (၂၅)ရာခိုင်နှုန်းအနားယူခြင်း အစားထိုးရွေးချယ်ခြင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့၏ (၂၅)ရာခိုင်နှုန်းအနားယူခြင်း အစားထိုးရွေးချယ်ခြင်း ပြုလုပ်


MNP - ဖေဖော်ဝါရီ     ၁၆

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင်  မြို့နယ်သံဃနာယကအဖွဲ့၏ (၂၅) ရာခိုင်နှုန်း အနားယူခြင်း အစားထိုးရွေးချယ်ခြင်း အခမ်းအနားကိုယမန်နေ့ နေ့လည်  ၁ နာရီအချိန် အမှတ် (၃) ရပ်ကွက် သရက်တောကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရွေချယ်မှု ကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌမှ  သြဝါဒ ကထာ မြွက်ကြားခဲ့သည်။ အခမ်းအနားမှူး ဆရာတော်မှ မြို့နယ်သံဃာ့နာယကအဖွဲ့အစည်း အဆင့်ဆင့် ရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးချယ်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လျှောက်ထားတင်ပြ ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း အစားထိုးခြင်း ရွေးချယ်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသော ဆရာတော်ကြီးများမှ အနားယူသွားသော ဆရာတော်ကြီးများ၏ နေရာတွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ (၂၅%) အစားထိုးကာ ရွေးချယ်၍ မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌကို သရက်တောကျောင်းတိုကန်ဆရာတော် ဦးသီလာစာရ၊ ဒုဥက္ကဋ္ဌအဖြစ် ချောင်းခွကြီးကျောင်း ဆရာတော်ဦးပညာနန္ဒနှင့် အကျိုးတော်ဆောင်အဖြစ် ပညာ ဇောတရုံကျောင်းဆရာတော်ဦးမဟိန္ဒ တို့အားရွေးချယ်ခဲ့ကြောင်း သိရသည်။

အဌမအကြိမ် မြို့နယ်သံဃနာယအဖွဲ့၏ (၂၅) ရာခိုင်နှုန်း၊ အနားယူခြင်း၊ အစားထိုးပြန်လည် ရွေးချယ်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များမှ "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခဲ့ပြီး၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)