ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ






MNP ၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင်လက်ရှိဖြစ်ပေါ်နေသောကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ယနေ့နံနက်ပိုင်းကထားဝယ်မြို့ပေါ်ရပ်ကွက်များအတွင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ က အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူ များအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါကနှာခေါင်းစည်းΜask စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြ ရန်၊ လက်ကိုစက္ကန့် ၂၀ အကြာမကြာခဏဆေးကြောပေးရန်၊ နေအိမ်ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ်ကြီးရင့်သူများ၊  သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှဈေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါသံသယ လက္ခဏာ များပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိပညာပေးလုပ်ငန်းများကို လိုက်လံနှိုးဆော် ပေးခဲ့ကြောင်းသိရှိရသည်။ 


ဆက်လက်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက  ရပ်ကွက်များရှိ ‌ဈေး၊ လမ်းဆုံလမ်းခွ နှင့် လူစည်ကားသောနေရာများတွင် လူတိုင်းကို နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့်  အများပြည်သူများအား နှာခေါင်းစည်း Μask များဖြန့်ဝေ  ပေးခြင်း၊ အများပြည်သူမြင်နိုင်သော လမ်းဆုံ လမ်းခွနေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခြင်းနှင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် ဆောင်ရန်/ ရှောင်ရန် အချက်များ ပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)