ဘူးသီးတောင်မြို့နယ်ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန်လောင်းချောင်းကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်း ရောင်ချေးငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန်လောင်းချောင်းကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်း ရောင်ချေးငွေထုတ်ချေး





MNP - ဖေဖော်ဝါရီ    ၁၉

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်၌ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝအထောက်အပံ့ဖြစ်စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်နှင့် ဝန်ထမ်းများက ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာ၌ အိမ်တိုင်အရောက် စတုတ္ထအကြိမ် မြစိမ်းရောင် ချေးငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီဆောင် ရွက်ခဲ့ကြသည်။

ရှေဦးစွာ မြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်က ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ချေးငွေ ချေးပေးခြင်းမှာအရင်းမပျောက် လည်ပတ်ရံပုံငွေအဖြစ်ထုတ်ချေးပေးခြင်းဖြစ်ပြီး မိမိအိမ်တွင်း စီးပွားရေးအတွက် မိသားစုစီးပွားရေး လုပ်ငန်းဆောင်ရွက်ရာတွင် တပိုင်တနိုင် စီးပွားရေး ဆောင်ရွက်ခြင်းဖြင့် စားဝတ်နေရေး အထောက်အပံ့ဖြစ်မည်ဖြစ်ပြီး အရင်းမပျောက်စေဘဲ စီးပွားရေး ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး စိုက်ပျိုးတောင်သူများကလည်း ယခုလို့ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ထုတ်ချေးပေးခြင်းဖြင့် မိမိတို့စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ရောင်း/ကုန်ဝယ်လုပ်ကိုင်သူများအနေဖြင့်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ အိမ်တွင်းစီးပွားရေးအဆင်ပြေအောင် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပြီးမိမိတို့ကျေးရွာဖွံ့ဖြိုးအောင်ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပြောကြားပြောကြားကြသည်။

အဆိုပါ လောင်းချောင်းကျေးရွာတွင်အိမ်ထောင်စုပေါင်း( ၂၄၄)စုရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ရောင်း/ကုန်ဝယ်လုပ်ကိုင်သူစုစုပေါင်း(၁၃၀)ဦးတို့အား မြစိမ်းရောင်ချေးငွေ ( ၃၇၂၀၀၀၀၀) သုံးရာခုနှစ်ဆယ်နှစ်သိန်းကျပ်ကို အိမ်တိုင်အရောက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။

သတင်း - လှကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)