ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

 

MNP - ဖေဖော်ဝါရီ     ၂၅

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံး ဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ပုသိမ်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်းက ပုသိမ်မြို့နယ်အတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်ရောဂါပိုး တွေ့လူနားများ ထားရှိရန် Centre များထားရှိ ဆောင်ရွက်ပေး နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းမင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား  ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေး တင်ပြခဲ့ကြသည်။

ပုသိမ်ပြို့နယ်တွင် ကိုဗစ်-၁၉ လူနာများ ထားရှိရန်အတွက် ကိုသိန်းလေ့ကျင့်ရေးစခန်းတွင် ၁၅၀၊ တိုင်းရင်းဆေးရုံတွင် ၁၂၀၊ ပြည်သူ့ဆေးရုံတွင် ၈၀ ၊ နန္ဒဆောင်တွင် ၁၈၀၊ သမသင်တန်းကျောင်းတွင် ၅ နေရာ စီစဉ်ဆောင်ရွက်ထားကြောင်း ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)