ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျိုင်းတုံတက္ကသိုလ်နှင့် မိုင်းပျဉ်း၊ ခိုလမ်၊ နမ့်စန်မြို့များရှိ အခြေခံပညာကျောင်းများသို့သွားရောက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျိုင်းတုံတက္ကသိုလ်နှင့် မိုင်းပျဉ်း၊ ခိုလမ်၊ နမ့်စန်မြို့များရှိ အခြေခံပညာကျောင်းများသို့သွားရောက် ကြည့်ရှုစစ်ဆေး


MNP ၊ ဖေဖော်ဝါရီ  ၁၇

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည်  တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူး များ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် ကျိုင်းတုံတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘွဲ့ရပညာတတ်လူငယ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် စိတ်စေတနာအပြည့်ဖြင့် မေတ္တာထား ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ ကျိုင်းတုံ တက္ကသိုလ်တွင် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်သုတေသနစင်တာ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တက္ကသိုလ် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် အတွက် အထောက်အကူဖြစ်စေမည့် စာအုပ်စာတမ်းများနှင့် Internet ၊ Wifi ဆက်သွယ်ရေး စနစ်များ ကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာ ရပ်များ အတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံး ပစ္စည်များ၊ ဓာတ်ခွဲ ခန်းသုံး ပစ္စည်းများနှင့်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာဆရာမများ အနေဖြင့် မိမိတို့တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစို‌ပြေရေး၊ သန့်ရှင်း သာယာသည့် သင်ယူမှုဝန်း ကျင်ကောင်းဖြစ်ရေးအတွက် အမြဲဂရုစိုက်ဆောင် ရွက်ကြရမည်ဖြစ် သကဲ့သို့  တက္ကသိုလ်၏ သင်ကြားသင် ယူမှုနှင့် စီမံရေးရာအရည်အသွေးများ ပိုမိုကောင်းမွန်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြ စေလို ကြောင်း ပြောကြားသည်။

ထို့နောက် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစန်းစန်းမာက ကျိုင်းတုံ တက္ကသိုလ်၏ ဖွဲ့စည်းပုံ အချက်အလက်များ၊ လက်ရှိဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  မိုင်းပျဉ်းမြို့ အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိပြီး မိုင်းပျဉ်းမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် အခြေခံပညာဆရာဆရာမ များနှင့်တွေ့ဆုံ၍ ကျောင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့်မိမိတို့ ကျောင်း၏သင်ကြား သင်ယူရေး နှင့်စီမံခန့်ခွဲရေးများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မည်သည့်ခွဲခြား ဆက်ဆံမှုများမှ မရှိစေဘဲ ကျောင်းသားများအား အမှန်တကယ် နားလည် တတ်ကျွမ်း သူများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးစေလိုကြောင်း၊  တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်းမှာကြားကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်ချက်များ၊ ကျောင်းစာကြည့်တိုက် အတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်းများ၊ ကျောင်းဆောင်သစ်များ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူများ အတွက် အားကစားပစ္စည်းများ၊ ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ကာရံခြင်း၊ ကျောင်းသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများစသည်ဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည်  နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေခံ ပညာအထက် တန်းကျောင်း၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)