ပေါက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 


MNP - ဖေဖော်ဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စိုးက ရပ်ကွက်/ကျေးရွာများ၌ ကိုဗစ်ကာကွယ်ရေး အသိပညာပေးဆော်ဩခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်စေရေး ပြည်သူ များအား ကိုဗစ်စည်းချက်နှင့်အညီ နေထိုင်စေရေး၊ Mask Campaign များ ပြုလုပ်စေရေး၊ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့် ပတ် သက်၍ အထူးကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် phase 7 doses ဆေးထိုးနှံရန် နှိုးဆော်ပေးရေးနှင့် ဆေးထိုးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကာ Quarantine Centre ပြန်လည်ထားရှိရေး၊ မိမိကိုယ်မိမိ ကိုဗစ်ရောဂါ မဝင်ရောက်နိုင်စေရန် ထိန်းသိမ်းနေထိုင်စေရေး၊ ဈေးများ၊ စားသောက်ဆိုင်များ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချပေးရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဉာဏ်တိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)