ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆဌမအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆဌမအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ     ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဆဌမ အသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီမှစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက စာရင်းကောက်ယူခြင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိသည်။

ကန့်ဘလူမြို့နယ်အတွင်း ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံပြီးသူပေါင်း ၄၈၈၁၉ ဦး၊ ပထမအကြိမ် ထိုးနှံပြီးသူပေါင်း ၆၁၈၈၈ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)