MNP - ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကကြီးကြပ်၍ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရေဖြူ(အနောက်ဈေး) ဈေးရုံနှစ်ခု တိုးချဲ့ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးဝင်းရွှေထံက သိရသည်။
ရေဖြူမြို့(အနောက်ဈေး)ဈေးရုံမှာ ဈေးရုံတစ်ခုတည်းဖြစ်၍ ရောင်းဝယ်ဖောက်ကားနေသော ဈေးရောင်း ဈေးဝယ်မိဘပြည်သူများ အနေဖြင့် တိုးဝှေ့စွာ ဈေးရောင်းဈေးဝယ်မှု မဖြစ်စေရန်၊ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု မဖြစ်စေရန် ရည်ရွယ်၍ ဈေးရုံကို တိုးချဲ့ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေဖြူမြို့(အနောက်ဈေး)တိုးချဲ့ဈေးရုံနှစ်ရုံကို တနင်္သာရီတိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေကျပ်(၆၇၀)သိန်းဖြင့် အလျား ၇၀ ပေ၊ အနံ ၁၈ ပေနှင့် အမြင့် ၁၂ ပေရှိသော ဈေးရုံ နှစ်ရုံဖြစ်ကြောင်း၊ ယနေ့ အထိ တည်ဆောက်ရေး လုပ်ငန်းမှာ ၄၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးမျိူဇော်သက် ထံက သိရသည်။
သတင်း - ခတ္တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment