ပြည်ထဲရေးမိသားစုမှ ဆွမ်းဆန်တော်များလှူဒါန်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးမိသားစုမှ ဆွမ်းဆန်တော်များလှူဒါန်းပေးအပ်

 


MNP - ဖေဖော်ဝါရီ    ၂၄

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်နှင့်ဝန်ထမ်းများက မာန်အောင်ပရိယတ္တိတိုက် စာသင်တိုက်ကျောင်းထိုက် ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံသို့ ဆန် (၂၄)ပြည့်ပါ ဆန်(၉)အိတ်အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)