မိုးနဲမြို့၌ (၃၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့၌ (၃၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ




MNP - ဖေဖော်ဝါရီ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (၃၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က နာဟောင်ရပ်ကွက်၊ရွှေကျောင်းတော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ် ဩဝါဒါစရိယ ဟဲကေကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပိဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအုဌ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ၊ မြို့နယ်စာမေးပွဲ၊ ဥက္ကဋ္ဌကင်တုံကျောင်းတိုက် ကျောင်းထိုင်‌ဆရာတော် ဘဒ္ဒန္တနာရဒထံတို့မှ  ဩဝါဒကထာ ခံယူတော်မူခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးငိုဘွယ်နှင့် မြို့နယ်ဂေါပကအဖွဲ့ ဆရာဦးအောင်‌ဖေတို့က စာမေး/စာပြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သာသနာရေးဆိုင်ရာများကို လျှောက်ထားဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါ (၃၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲကို စာမေးပွဲအောင်စာရင်း ထုတ်ပြန်ပြီးသည့်အချိန်ထိ မတ်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - မျိုးညွန့်ရွှေ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)