ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၂၄

ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးငယ်တိုင်း လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းများရရှိပိုင်ဆိုင်စေရေးတို့အတွက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပခုက္ကူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပခုက္ကူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက ချက်များအား ရှင်းလင်းတင်ပြကြပြီး ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးတို့အတွက် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး ဝိုင်းဝန်းအကြံပေး ဆွေးနွေးကြသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)