MNP - ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ကိုးဆောင်ကျောင်း သုခိတာကျောင်းတိုက်သို့ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းခြင်းသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များမှ ဆက်ကက် လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ကျောင်းတိုက်ဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော်များ မိန့်ကြားခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ကိုးဆောင်ကျောင်း သုခိတာကျောင်းတိုက်သို့ ဆန်(၁၀) အိတ်၊ ဆီ (၃) ပုံးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment