ကိုဗစ်စတုတ္ထလှိုင်းအတွင်း သေဆုံးသူ၏ ၈၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးမထိုးသော အသက် ၆၀ကျော်များဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်စတုတ္ထလှိုင်းအတွင်း သေဆုံးသူ၏ ၈၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးမထိုးသော အသက် ၆၀ကျော်များဖြစ်



MNP ၊ ဖေဖော်ဝါရီ ၂၆

ကိုဗစ်စတုတ္ထလှိုင်းအတွင်း သေဆုံးသူ၏ ၈၈ရာခိုင်နှုန်းမှာ ကာကွယ်ဆေးမထိုးသော အသက် ၆၀ကျော်များဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။


ဖေဖော်ဝါရီ ၂၅ရက်နေ့အထိ ကိုဗစ်စတုတ္ထလှိုင်းအတွင်း သေဆုံးသူ ၄၃ ဦးရှိအနက် ၃၈ ဦးမှာ ကာကွယ်ဆေးမထိုးထားသော အသက် ၆၀ ကျော်ဖြစ်သည်အတွက် ၈၈% ကျော်ရှိနေပြီ သတိပြုကြရန် လိုကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။


ထို့ကြောင့် အသက် ၆၀ကျော်အရွယ် မိဘများအား ကာကွယ်ဆေးထိုးသည့်နေရာသို့ ပို့ဆောင်၍ ဆေးထိုးဖြစ်အောင်တိုက်တွန်းရန် သားသမီးများတွင် တာဝန်ရှိကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။


မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၄ရက်၊ ည (၈) နာရီမှ ဖေဖော်ဝါရီ(၂၅) ရက်နေ့၊ ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇,၁၅၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၉၁) ဦး တွေ့ရှိပြီး သေဆုံးသူ (၃) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)