နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ



MNP ၊ ဖေဖော်ဝါရီ ၅             

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား ရာမောင်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးသည်။     

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချော့မွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။     

ထို့နောက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ကိုယ်စား ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်စံကျော် နှင့် မြို့မိ/ မြို့ဖများက  ဒေသ၏  လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါ်အေးနုစိန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က တင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ဆောင်ပစ္စည်းများ၊ အားကစားပစ္စည်းများကို မြို့နယ်မှတာဝန်ရှိသူများနှင့် တိုင်းရင်း သားခေါင်းဆောင် ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)