မြောက်ဦးခရိုင်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်





MNP ၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟို ဌာန Community Center ခန်းမ၌ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းကိုယမန်  နေ့က Zoom Meeting ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ရုံးလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်းတွင်  ပြည်နယ်ညွှန်ကြားရေးမှုး (တာဝန်ပေး) ဦးတင် ကိုဝင်းမှ  ရုံးလုပ်ငန်းစီမံခန့်ခွဲရေး ဘာသာရပ်ဖြစ်သော ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာ များကို အရေးယူဆောင်ရွက်ခြင်း၊ထွက်စာများကိုအရေးယူဆောင်ရွက်ခြင်း ၊ စာရွက်စာ တမ်း များ လုံခြုံစွာကိုယ်တွယ်ထိန်းသိမ်းခြင်း၊ တို့ကိုလည်းကောင်း မြောက်ဦးခရိုင်ရုံးမှ လက်ထောက်ညွှန် ကြားရေး မှူး (တာဝန် ပေး)  ဦးတင်ရွှေမှ  ရုံးစာရေးသားနည်းဘာသာရပ် ဖြစ်သော ရုံးစာ ရေး သားနည်း၊စာပေးစာယူ၊အစည်းအဝေးကျင်းပခြင်းနှင့်မှတ်တမ်းတင်ခြင်း၊လုပ်ငန်းမှတ်တမ်းရေးသားခြင်း၊လုပ်ငန်းစီမံချက်ရေးသားခြင်းတို့ကိုလည်းကောင်း မင်းပြားမြို့နယ်ဦးစီး အရာရှိ( တာဝန်ပေး) ဒေါ်သောင်းရွှေ မှ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား ရေးဘာသာရပ်ဖြစ်  သော မှတ်တမ်းထိန်းသိမ်းခြင်း၊ရုံးလုပ်ငန်းများစစ်ဆေးခြင်း၊ရုံးလုပ်ငန်းများကွပ်ကဲခြင်း၊စာတွဲခြင်းနှင့်စာတွဲထိန်းသိမ်းခြင်းတို့အားZoom Meeting ဖြင့် သင်ကြားပို့ချလျှက်ရှိကြောင်း သိရသည်၊၊

ယင်းနောက် သင်တန်းကို နေ့လယ် ၁ နာရီ မှ စတင်၍ ၄၅မိနစ်ခန့်  တစ်ကြိမ်ပို့ချပြီး ၂၀ မိနစ်ခန့် သင်တန်း သားများ အား အနားပေးပြီး နေ့လယ် ၂ နာရီ မှ ညနေ ၃ နာရီထိ  ရုံးလုပ်ငန်း စီမံခန့်ခွဲမှုသင်တန်းကို ၃ ရက် ဆက်တိုက် သင်ကြား ပို့ချပေးလျှက်ရှိသည်။ရုံးလုပ်ငန်း စီမံခန့် ခွဲမှုသင်တန်းတွင် သင်တန်းနည်းပြ ၃ဦး၊မြောက်ဦးခရိုင်ရုံး၊ကျောက်တော် မြို့နယ်ရုံး ၊မင်းပြား မြို့နယ်ရုံး၊မြေပုံမြို့နယ်ရုံး စုစုပေါင်းသင်တန်းသူ၊သင်တန်းသား ၈ ဦးတို့ဖြင့် သင်ကြား ပို့ချ ပေး လျှက်ရှိကြောင်း သိရသည်၊၊ ဝန်ထမ်း များ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့် ခွဲမှုသင်တန်းတွင် သင် တန်းသူ၊သင်တန်းသား များမှသိရှိလိုသည့်အကြောင်း အရာများကို မေးမြန်းကြပြီး သင်တန်းနည်း ပြများမှ ပြန်လည်ဆွေေးနွေးရှင်းလင်းပြသခဲ့ကြောင်း သိရသည် ။

သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)