နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်မံထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၂၂   

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရမည့်ကျောင်းသူ/ကျောင်းသားများကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုတွင် ကျောင်းသား/ကျောင်းသူ (၃၀)ဦးကို Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျေးရွာအုပ်စုများတွင်ရှိနေသည့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။

နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် ယနေ့အထိ အသက်(၁၂)နှစ် အထက်ကာကွယ်ဆေးထိုးနှံပြီးသူ (၃၈၆)ဦးရှိပြီး ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ ဆေးရုံကာကွယ်ဆေးထိုးစုရပ်၌ တာဝန်ရှိသူများက နေ့စဉ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)