ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

 




MNP - ဖေဖော်ဝါရီ     ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် ဆင်တဲ၊ ညောင်ခြေထောက်၊ ထုံးဘို၊ ဥသျှစ်ပင်၊ မင်းရပ်၊ ကြခတ်၊ ဝန်လို၊ စည်သာ၊ ဖောင်းကန်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)