(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ




MNP - ဖေဖော်ဝါရီ    ၄

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ ဦးဆောင်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က အဆိုပါရုံး အောင်သလ္လာခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာ၊ဆရာများနှင့် သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများဖြစ်ကြသော စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းလတ်က ဝါသီးနှံစိုက် ဧကလျော့နည်းလာရသည့်အချက်များနှင့် ဝါသီးနှံစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများအားလည်းကောင်း၊ တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ဘက်စုံသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ သိကောင်း စရာများအကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်က ဝါသီးနှံ အကြောင်း သိကောင်းစရာအချက်အလက်များနှင့် ဝါသီးနှံအထူးအထွက်တိုး စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း အသီးသီးစာတွေ့လက်တွေ့တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့သည်။

ထို့နောက်  သင်တန်းသားသင်တန်းသူများအား မုံရွာမြို့ သိန်းမင်းဝါကြိတ်စက်ရုံတွင် ဝါဝယ်ယူ ခြင်းလုပ်ငန်း၊ ဝါကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် ဝါထွက်ပစ္စည်းများအား လက်တွေ့ဆောင်ရွက်နေမှု များအားလေ့လာကြရာ သိရှိလိုသည်များကို  တာဝန်ရှိသူတို့က အသီးသီး ရှင်းလင်းဖြေကြား ခဲ့ကြကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးစသည့် မြို့နယ်များတွင် ချည်မျှင်တိုဝါအဖြစ် မလှိုင်၊ ဝါကြီးတို့ကိုလည်းကောင်း၊ ချည်မျှင်ရှည်ဝါအဖြစ် ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁)နှင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)တို့ကို စိုက်ပျိုးလျက် ရှိရာ ဝါမျိုးစုံစုစုပေါင်းဧက ၂၈၉၅၃ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)