မိတ္ထီလာမြို့နယ် ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်


MNP - ဖေဖော်ဝါရီ    ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေများကို  မြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ညီသည့် ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ထုတ်ချေးပေးပြီး ဆောင်ရွက် ပေးလျက်ရှိပြီး  စီမံကိန်းဝင်ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ လက်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်သည့်အပြင် စီမံကိန်း ရန်ပုံငွေမှရရှိသည့် အတိုးများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းတို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က ဆောင်ရွက် လျက်ရှိသည့်  ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေတို့ဖြင့် အရှည် ပေ ၅၀၀ အကျယ် ၁၂ ပေ ၊ ထု ၆လက်ရှိ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုအဆိုလျှင် ၎င်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု (၆) လ ဘဏ္ဍာရေးနှစ် ကျေးရွာ ၅၅ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

သတင်း - သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)