တောင်ငူမြို့၊ လောကမာရဇိန်နန်းတော်ဦးကျောင်းအတွင်း ဆောက်လုပ်လှူဒါန်းမည့် ဓမ္မသမိဒ္ဓိ ဓမ္မာရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်း၊ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၊ လောကမာရဇိန်နန်းတော်ဦးကျောင်းအတွင်း ဆောက်လုပ်လှူဒါန်းမည့် ဓမ္မသမိဒ္ဓိ ဓမ္မာရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်း၊ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားပြုလုပ်



MNP ၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လောကမာရဇိန်နန်းတော်ဦးကျောင်းအတွင်း ဆောက်လုပ်လှူဒါန်းမည့် ဓမ္မသမိဒ္ဓိဓမ္မာရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း နှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာ ရှင် အလှူရှင်များ တက်ရောက်ကြသည်။

    

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ်၊ ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက ဓမ္မသမိဒ္ဓိ ဓမ္မာရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေ ကြသည်။

    

ဆက်လက်၍ ဓမ္မသမိဒ္ဓိ ဓမ္မာရုံ ဆောက်လုပ်မည့် မြေနေရာတွင် သံဃာတော် များ၊ တိုင်းမှူးနှင့် စေတနာရှင်  အလှူရှင်များက မင်္ဂလာအချိန်ကျရောက်သည်နှင့် ရတနာပန္နက်တော်များကို ဘုရားဂုဏ်တော်ကိုးပါးနှင့်အညီ ကိုးချက်ရိုက်ကာ အမွှေး နံ့သာများ ပက်ဖျန်းပြီး ပန္နက်တော် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)