သာကေတမြို့နယ်၊ ၇/အနောက် ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၊ ၇/အနောက် ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

 





MNP - ဖေဖော်ဝါရီ   ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၇/အနောက်ရပ်ကွက်၊ အမှတ်(၇)ဈေး၊ ဈေးရုံအမှတ် (ဃ)၌ ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၇)ဈေး၊ ဈေးရုံ(ဃ)၊ ဆိုင်အမှတ်(၄၄/၄၅) အလှကုန်နှင့်အထည်ပစ္စည်းဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။  မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးစီးကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၆၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၃)ဦး၊ မီးသတ်ယာဉ် (၂၉)စီး၊ ရေသယ်ယာဉ် (၁၃)စီး၊ အုပ်ချုပ်မှူးယာဉ် (၆)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ လူနာတင်ယာဉ် ၁ စီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက  level-2 ယာဉ်အုပ်စုများထွက်ခွာ၍ ဝိုင်းဝန်းမီးငြှိမ်းခဲ့ကြောင်း၊ ၁နာရီ ၃၇ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၅၀)ခန့် ပျက်ဆီးဆုံးရှုံးခဲ့‌ကြောင်းနှင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - ဆောင်းနှင်းဖြူ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)