ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

 


MNP - ဖေဖော်ဝါရီ     ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ထားဝယ်) က ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ထားဝယ်) မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများ က PPE ဝတ်စုံ (၂၀)စုံ၊ Hand Gel (၃၀)ဗူး၊ Mask (၇၀) ဗူး၊ သောက်ရေသန့်(၂၀)ကတ်၊ ကြက်ဥ(၁၅၀)လုံး ပေးအပ်လှူဒါန်းရာ ထားဝယ်ပြည်သူ့ဆေရုံအုပ်ကြီး ဒေါက်တာမျိုးသူဇာ က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း -ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)