ဒိုက်ဦးမြို့နယ်၌ နွေစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ နွေစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - ဖေဖော်ဝါရီ    ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလတ်နှင့် ဝန်ထမ်းများ လာရောက် ကြီးကြပ်ခဲ့ကြသည်။

ဓာတ်မြေသြဇာ ရောင်းချရာတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၆၀၀၀ ဧကအတွက် ၂ ဧကလျှင် တစ်အိတ်နှုန်းဖြင့် မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းထုတ် MPE ယူရီးယား ဓာတ်မြေသြဇာ ၃၀၀၀အိတ်အား ကျေးရွာအုပ်စု ၃၅ အုပ်စုအတွက် တစ်အိတ်လျှင် ၃၃၅ဝဝိ/ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)