ကျောက်ဖြူမြို့တွင် (ဆဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (ဆဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ပြုလုပ်ကျင်းပ




MNP - ဖေဖော်ဝါရီ    ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက် တွင် (ဆဋ္ဌမအကြိမ်မြောက်)  ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲအား  ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ပြုလုပ်ကျင်းပလျက်ရှိရာ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ စာဖြေသံဃာ တော်များမှ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ ကျင်းပလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စာဖြေသံဃာတော်များအတွက် လက်ဆေးရန် လက် ဆေးရေကန်များနှင့် လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ နှာခေါင်းစည်း MASK များလှူဒါန်းပေးခြင်း  အစရှိသည့် ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိပြီး ဆရာတော်ကြီးများနှင့် ရက္ခပူရသာ သနာလင်္ကာရအသင်းမှ တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်လျက်ရှိသည်။

 ကျောက်ဖြူမြို့တွင် အဆိုပါစာမေးပွဲအား ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ပထမနေ့ ဥပစာတန်းတွင် စာဖြသံဃာတော် ၉ ပါးတို့မှ သဒ္ဒါဘာသာရပ်နှင့် မူလတန်းတွင် စာဖြေ သံဃာတော် ၅၄ ပါးတို့မှ ရှင်ကျင့်ဝတ်ဘာသာရပ်အားလည်းကောင်း၊ ဒုတိယနေ့ ဥပစာတန်းတွင် စာ‌ဖြေ သံဃာတော် ၉ ပါးတို့မှ သင်္ဂဟဘာသာရပ်နှင့် မူလတန်းတွင် စာဖြေသံဃာတော် ၅၄ ပါးတို့မှ ရတနာ့ ဂုဏ်ရည်ဘာသာရပ်အားလည်းကောင်း ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။ ၎င်းစာမေးပွဲအား ဖေဖော်ဝါ ရီလ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ (၃)ရက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)