မွန်ပြည်နယ်ဝန်ကြီးချုပ် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ညှိနှိုင်း အစည်းအဝေးတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစေလိုကြောင်း လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ညှိနှိုင်း အစည်းအဝေးတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစေလိုကြောင်း လမ်းညွှန်မှာကြား

 


MNP - ဖေဖော်ဝါရီ     ၂၃

(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး   အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉မျိုးဗီဇသစ်   အိုမီခရွန် ရောဂါပိုးသည် ပျံ့နှံ့မှုများနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ပြပွဲကျင်းပရာတွင် တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်းများ၊   အမျိုးသားယဉ်ကျေးမှု   စရိုက်လက္ခဏာများ   မပျောက်ပျက်အောင်   အားလုံးဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ ပြည်နယ်အတွင်းရှိ အနုသုခုမ ရိုးရာအမွေ အနှစ်များကို   ဖော်ထုတ်ပြသပေးစေလိုကြောင်း၊   ပြည်နယ်အနေဖြင့်    တိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားမှုရှိစေရေး၊ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများအပြင်  တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်  လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများကိုလည်း အထူးအလေးပေး  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အကျိုး၊ ပြည်ထောင်စု အကျိုးကို အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှများနှင့်အတူ လက်တွဲ နေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၏  တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က    လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ ၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို  အစဉ်တစိုက် ထိန်းသိမ်းလာခဲ့ပြီး အစဉ်အလာကြီးမားသည့် မွန်တိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်နေထိုင်ကြသည့် လူမျိုးများဖြစ်ကြောင်း၊ တိုင်းရင်းသားများ အားလုံး ကျေးလက်နှင့် မြို့ပြဟန်ချက်ညီ စွာဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက်လည်း အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)