MNP - ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက် ရန် ဖွဲ့စည်းတာဝန်ပေးမှု၊ အခွန်ကောက်ခံရာတွင် အခွန်ကြွေးကျန်ရှိမှုမရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းမပေါက် သည့်ကျေးရွာများအား ဦးစားပေးဆောင်ရွက်နိုင်ရေးရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက မြို့ပေါ်တွင် ကျွဲ၊ နွား လွှတ်ကျောင်း ခြင်းများ၊ မြို့ဝင်၊ မြို့ထွက်များတွင် စည်းကမ်းမဲ့အမှိုက်ပြစ်ခြင်းများ ဆောင်ရွက် မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကြပ်မတ်ရေး ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး တင်ပြ ခဲ့ကြသည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာအတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့သည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment