လှိုင်းဘွဲမြို့နယ် ဘုရားနှစ်ဆူဘုန်းတော်ကြီးကျောင်းတွင် ရဟန်းသံဃာများအတွက် ဆွမ်းဆန်/ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဘုရားနှစ်ဆူဘုန်းတော်ကြီးကျောင်းတွင် ရဟန်းသံဃာများအတွက် ဆွမ်းဆန်/ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


MNP - ဖေဖော်ဝါရီ     ၁၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ အရာရှိစစ်သည် မိသားစုဝင်များက ဘုရားနှစ်ဆူ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/ သံဃာများအတွက် ဆွမ်းဆန်/ဆီ/ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းက  ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်နှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ အရာရှိ/စစ်သည် မိသားစုများက ဘုရားနှစ်ဆူဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော်အား ဖူးမြှော် ကြည်ညိုပြီး  ရဟန်း/ သံဃာများအား ဆွမ်းဆန်နှင့်ပတ်သက်၍ အခက်အခဲမရှိ စေရန်အတွက် ဆွမ်းဆန်၊ ဆီ၊ ခြံထွက် ဟင်းသီးဟင်းရွက်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)