မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ








MNP ၊ ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရ ဟိတ ကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက  အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ နယ်စပ်ဒေသ နံသာ တောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီး ပဓာန နာယက၊ သဒ္ဓမ္မ ဇောတိက ဓဇ ၊ ရခိုင့်တံခွန် ဆုတံဆိပ်တော်ရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ အဖွင့်ဩဝါဒ စကားမိန့်ကြားပြီး မြို့နယ်ပညာရေး မှူးရုံး မှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်ကျော်ထွန်း နှင့် တောင်ပြိုလက်ဝဲမြို့ အ.ထ.က ကျောင်းအုပ် ဆရာ မ ကြီး တို့မှ ဂုဏ်ပြုဝမ်းမြောက်စကား နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။ 

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ပညာရည်ချွန်ဆု ရရှိခဲ့သော ကျောင်းသား/သူများ ၊ ၂၀၂၁-၂၀၂၂  ခု ပညာသင်နှစ် အားကစား ၊စာစီစာကုံး ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား နံသာ တောင်ဆရာတော်ကြီး နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့် ပေးကြပြီး ကျောင်းသား/သူများက ရခိုင့်ရိုးရာယိမ်း အက အလှများ ၊ တေးသီချင်း များဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြသည်။ အဆိုပါ နံသာတောင်ပညာဒါန ပရဟိတကျောင်းတွင် ကျောင်း သား/သူ ပေါင်း(၃၀၀)ကျော်ခန့် ပညာသင်ကြား လျှက်ရှိကြောင်းသိရသည်။


သတင်း - သက်လွင်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)