သရက်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်






MNP - ဖေဖော်ဝါရီ    ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြစကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီက ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ကာကွယ်ဆေးထိုးအကြိမ် ပြည့်မီအောင်ထိုးနှံရေးနှင့် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားပြီး ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်ထားရှိမှုများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်း ဆွေးနွေး ကြသည်။

ဆက်လက်၍ ကျေးရွာနေ ဒေသခံပြည်သူများက မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် ကျေးရွာအတွက်လိုအပ်သည် များတင်ပြ၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန် ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဖြေကြားမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး က ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မကြီးတော ကျေးရွာ၊ ဆင်တဲ ကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် လက်ပံ ဆိပ်ကျေးရွာများတွင်လည်း ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

သတင်း - ဇော်ဝမ်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)