ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွာရေးဝန်ကြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွာရေးဝန်ကြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ



MNP ၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်ဦးသည် ကြို့ပင်ကောက်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်ဦးက လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပကတိအခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေရရှိရေး လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြို့ရေးရရှိရေး လုပ်ငန်းများ၊ မြို့နယ်ခန်းမကြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြရာ ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)