MNP - ဖေဖော်ဝါရီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်၉ နာရီက ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရာတွင်ကလေးငယ်များ ကျန်းမာသန်စွမ်း စေရန်နှင့် ကူးစက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာသီသီလတ်၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်း ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - လှလှထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment