စာရင်းအင်းမှန်ကန်မှသာ တိုင်းပြည်၏အခြေအနေအမှန်ကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျသော မူဝါဒများ၊ စီမံကိန်းများနှင့် အရေးကြီးသော သယံဇာတ ခွဲဝေမှုများကို သင့်တော်သလို စီမံပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီပွားရေးရာဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာရင်းအင်းမှန်ကန်မှသာ တိုင်းပြည်၏အခြေအနေအမှန်ကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျသော မူဝါဒများ၊ စီမံကိန်းများနှင့် အရေးကြီးသော သယံဇာတ ခွဲဝေမှုများကို သင့်တော်သလို စီမံပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီပွားရေးရာဝန်ကြီး ပြောကြား







MNP ၊ ဖေဖော်ဝါရီ  ၁၆

ရခိုင်ပြည်နယ် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့လည်ပိုင်းက ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းမှန်ကန်မှသာ တိုင်းပြည်၏အခြေအနေအမှန်ကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျသော မူဝါဒများ၊ စီမံကိန်းများနှင့် အရေးကြီးသော သယံဇာတ ခွဲဝေမှုများကို သင့်တော်သလို စီမံပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ထည့်သွင်း ပြောကြားသွားသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် တိကျမှန်ကန်သည့် မူဝါဒများ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နိုင်ရေးအတွက် အရည် အသွေးပြည့်ဝသည့် စာရင်းအင်းအချက်အလက်များ ရရှိရန်လိုအပ်ပါကြောင်း၊ စာရင်းအင်းမှန်ကန်မှသာ တိုင်းပြည်၏အခြေအနေအမှန်ကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျသော မူဝါဒများ၊ စီမံကိန်းများနှင့် အရေးကြီးသော သယံဇာတ ခွဲဝေမှုများကို သင့်တော်သလို စီမံပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းအင်းဆိုင်ရာ အချက်အလက်ထုတ်ပြန်သူများနှင့် အချက် အလက်သုံးစွဲသူများအကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်သည့် အစီအစဉ်များကို အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  စစ်တမ်းများကောက်ယူရာတွင် လိုအပ်သည့်ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ လုပ်ငန်းစဉ်အလိုက် လိုအပ် သော အကူအညီများကိုလည်း သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများမှလည်း ပူးပေါင်းကူညီဆောင်ရွက် ပေးကြ ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသော ဌာဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လိုကြောင်းပြောကြားသည်။


ဆက်လက်၍ ပြည်နယ် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်ဦးစီးမှူး ဒေါ်ဝါဝါမြင့်က စာရင်းအင်းမှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တက်ရောက် လာကြသော ဌာနဆိုင်ရာများက တိကျမှန်ကန်သော စာရင်းအချက် အလက်များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် စာရင်းအင်းအချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ဝိုင်းဝန်းအကြံ ပြုဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ် စီးပွားရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)