မိုးကောင်းသာသနာ့နယ်မြေအတွင်း၌ သီတင်းသုံး စံပါယ်တော်မူမည့်လောကချမ်းသာ အဘယ လာဘ မုနိနှီးဘုရားကြီး လှည့်လည်အပူဇော်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းသာသနာ့နယ်မြေအတွင်း၌ သီတင်းသုံး စံပါယ်တော်မူမည့်လောကချမ်းသာ အဘယ လာဘ မုနိနှီးဘုရားကြီး လှည့်လည်အပူဇော်ခံ


MNP - ဖေဖော်ဝါရီ     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမတိုက်နယ်၊ တိုက်ကုန်းကြံ တောကြီးကျေးရွာ မိုးကောင်းသာသနာ့နယ်မြေအတွင်း၌ သီတင်းသုံးစံပါယ်တော်မူမည့် နှီးဘုရား ကြီးလှည့်လည် အပူဇော်ခံလျက်ရှိရာ ကျောင်းကုန်းမြို့‌နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ချောင်းဝ ကျေးရွာအလှုရှင်အိမ်၌ည အိပ်ရပ်နားခဲ့ပြီး ယနေ့နံနက်ပိုင်းကကျောင်းကုန်း မြို့တွင်းသို့ လှည့်လည်၍ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ လောကချမ်းသာ အဘယလာဘမုနိ နှီးဘုရားကြီး၏  ဉာဏ်တော်အမြင့်မှာ   ၉ ပေ ၉ လက်မ၊ ပလ္လင်တော်အမြင့်မှာ ၂ ပေဖြစ်ပြီး၊ ချောင်းဝကျေးရွာနေအလှုရှင် ဦးစိုးညွန့်+ဒေါ်ဌေးဌေး မိသားစုနှင့်(၇)ရက် သားသမီးများကောင်းမှုဖြင့် တည်ထားကိုးကွယ်တော်မူခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ကုန်ကျငွေကျပ်(၃၉)သိန်း ဖြစ်ကြောင်း၊ နှီးမြန်မာမှုပညာရှင် ဖြစ်သောဆရာစိန်နှင့် သားများက ရက်လုပ်ပူဇော်ခြင်းဖြစ်ကြောင်း တိုက်ကုန်း-ကြံတောကြီးကျေးရွာ မိုးကောင်း ကျောင်းတိုက်မှ နာယကဆရာတော် ဥူးဒေဝိန္ဒ ကပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကျောင်းကုန်မြို့နယ်အတွင်း လှည့်လည်၍ အပူဇော်ခံပြီး၊ တည်ထား ကိုးကွယ်မည့် အင်းမတိုက်နယ် တိုက်ကုန်း-ကြံတောကြီးကျေးရွာရှိ မိုးကောင်း ကျောင်းတိုက် သို့ကြွချီအပူဇော်ခံ ထားရှိမည်ဖြစ်သည်။  ရန်ကုန်-ပုသိမ်ကားလမ်းမနှင့် (၃)မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ ဘုရားဖူး လာရောက်သူများကိုလည်း သက်သတ်လွတ်ဖြင့်ဧည့်ခံကျွေးမွေးမည်ဖြစ် သည်။ နှီးဘုရားကြီးသီတင်းသုံးစံပါယ်တော်မူမည့် ငြိမ်းချမ်း ရေးကျောင်းဆောင်တော်ကြီး တည် ဆောက်ရန်အတွက် ဆက်သွယ်လှုဒါန်းလိုပါက တိုက်ကုန်း-ကြံတောကြီးကျေးရွာ မိုးကောင်း ကျောင်းတိုက် နာယကဆရာတော် ဥူးဒေဝိန္ဒ ဖုန်း-၀၉၇၉၈၁၅၀၈၆၁ ၊ ၀၉၆၉၆၆၈၄၂၄၅ ထံဆက်သွယ် လှုဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)