ညောင်လေးပင်မြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကျင်းပ

 



MNP - ဖေဖော်ဝါရီ     ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြိုနယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြိုနယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက် (၆:၃၀)  အချိန်က ဒက္ခိဏာရာမ တောင်ကျောင်းစာသင်တိုက်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော သံဃာ့ဝန်ဆောင် ဆရာတော် သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားက ဖွင့်လှစ်ခဲ့ပြီး၊ အစားထိုး ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော်က ဩဝါဒကထာများ မိန့်ကြားခဲ့သည်။

ဆက်လက်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြိုနယ်သံဃာ့ဝန်ဆောင် အခမ်းအနားမှူးဆရာတော်မှ အနားယူမည့်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ဖတ်ကြားလျှောက်ထားခဲ့သည်။

ထို့နောက်လစ်လပ်နေသည့် မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်နေရာများ၌ ပြန်လည်အစားထိုး ရွေးချယ် နိုင်ရန်အတွက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်ကို ပင့်ဖိတ်ခြင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် ထောက်ခံမည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ပင့်ဖိတ်ခြင်း၊ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယကဆရာတော် ဘွဲ့အမည် စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းခြင်းနှင့် အဆိုပြု ထောက်ခံသွားခြင်းကို သဘာပတိဆရာတော်မှ သာဓု(၃)ကြိမ်ခေါ်ဆိုစေပြီး အတည်ပြုချက် ရယူခဲ့ကြသည်။

ထိုနောက် သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု(၃)ကြိမ်ရွတ်ဆို၍ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)