ဇီးကုန်းမြို့နယ်တွင် အခြေပြုမူလတန်းအောင် သာမဏေများအား အောင်လက်မှတ်များဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် အခြေပြုမူလတန်းအောင် သာမဏေများအား အောင်လက်မှတ်များဆက်ကပ်


MNP - ဖေဖော်ဝါရီ    ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အခြေပြုမူလတန်းအောင် သာမဏေများအား အောင်လက်မှတ် ဆက်ကပ်ခြင်းအခမ်းအနားကို ယနေ့နေ့လယ် ၁နာရီက အမှတ်(၄) ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက် ရွှေပြည်တန် ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ သမားတော် ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်ထံမှ သာရဏီယ ဩဝါဒစကား ခံယူခဲ့ကြသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးသက်အောင်မှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်တင်ခဲ့သည်။ ဆက်လက်၍ သာသနာရေးနှင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သော  အခြေပြုမူလတန်းစာမေးပွဲ၌ အောင်မြင်ခဲ့သော သာမဏေ (၁၃)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)