MNP ၊ ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်း
သား/ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းတွင်း ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ အား “သံချဆေး”တိုက်ကျွေးခဲ့ကာ အထက်တန်း၊ အလယ်တန်း အဆင့်မှ အပျိုအရွယ်ဝင် ကျောင်းသူများကို သံဓာတ်အားကောင်းဆေး (Furamain BC) တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - မင်းသိန်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment