မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်းသူရိယ လှသောင်းကျောင်း)၌ ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်းသူရိယ လှသောင်းကျောင်း)၌ ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲပြုလုပ်



MNP ၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ ၂၀၀၁၉- ၂၀၂၀ ပညာသင်နှစ် ပညာ ရည်ချွန်ဘက်စုံထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမဆောင်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြသည်။


ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူ များ၏ တေးသီချင်းများဖြင့် တီးခတ်သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြ သည်။ ဆက်လက်၍ ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ (၆)ဘာသာဂုဏ်ထူးရှင် ၁၂ ဦးနှင့် ဘက်စုံထူးချွန်လူရည်ချွန်ဆုရရှိသူ ၃ ဦးတို့အား ဒုတိယတိုင်းမှူးကလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၂၇ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် ၅၀ ဦးတို့အား တာဝန်ရှိသူ များကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ အောင်ဆန်းသူရိယလှသောင်းကျောင်းသည် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုသူ ၂၈၄ ဦးအနက် ၂၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၇၇ ဒဿမ ၄၆ ရာခိုင်နှုန်းရရှိကာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အောင်ချက် ပဉ္စမရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)