ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများနှင့် တွေ့ဆုံ


MNP ၊ ဖေဖော်ဝါရီ  ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ကလောမြို့၊ နှီးဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး ကျောင်းတိုက် ဆရာတော်ကို  သင်္ဃန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးလှူဒါန်းငွေကျပ် (၄,၅၁၀,၈၀၀) ကို  ထောက်ပံ့ပေးအပ်ကြရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား ကလောမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိကြပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊   ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်ကဖြစ်ပွားခဲ့သော မိုးသီး ကြွေကျမှုကြောင့် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စု (၄၂၈)စု၊ လူဦးရေ(၁၈၇၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် (၁၇,၉၉၈,၀၀၀) ကိုလည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုး လှူဒါန်းငွေကျပ် (၁,၆၃၈,၀၀၀) ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ကြရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက လက်ခံကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အထူး ရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံး တည်ဆောက်ရေး လုပ်ငန်းခွင်၌ သိုလှောင်ရုံနှင့် အသိပညာပေး စင်တာ တည်ဆောက်ခြင်း ၂၈ ရာခိုင်နှုန်း ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ရှိ မူလတန်းကြိုကျောင်း ခြံစည်းရိုး ကာရံနိုင်ရေးနှင့် ကျောင်းအဆောက်အဦ ဥပဓိရုပ်နှင့် ကြံ့ခိုင်မှုတိုးတက်ကောင်းမွန်ရေး ပေါင်းစပ်ကူညီ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်ရှိ ပြန်လည်ထူထောင် ရေးစခန်း (နမ့်လတ်)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စခန်းအတွင်း ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆောင်ရွက်ရန်အတွက် မြေနေရာလျာထားတောင်းခံမှုကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင်၊ စခန်းရုံး အဆောက်အဦနှင့် ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)