ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန် နေအိမ်တစ်လုံး ဖျက်သိမ်းခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန် နေအိမ်တစ်လုံး ဖျက်သိမ်းခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်


MNP - ဖေဖော်ဝါရီ     ၂၃

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန် နေအိမ်တစ်လုံး ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုအား ယနေ့ နေ့လယ် ၁၂ နာရီတွင် မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ) တို့မှ ယင်းတို့၏ ရုံးများ၌ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ် မွေးတွင်းကျေးရွာအုပ်စု လက်ပံခုန်းကျေးရွာရှိ အမျိုးသား ၆ ဦး အမျိုးသမီး ၅ ဦးနေထိုင်သော ၄ ပင် ၅ ပင် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာအိမ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စစ်တောင်းမြစ်ရေ တိုက်စား၍ ကမ်းပါပြိုကျမှုအန္တရာယ်မှ ကင်းဝေးစေရန် လူနေအိမ်တစ်လုံး ဖျက်သိမ်းခဲ့ရသဖြင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေ (၁)သိန်းကျပ်၊ အိမ်ထောင်စုလူဦးရေ (၁၁)ဦးအတွက် စားစရိတ် (၂၃၁၀၀/-) နှစ်သောင်းသုံးထောင်တစ်ရာကျပ်အား ထောက်ပံ့ပေးအပ်ပြီး၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) မှ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ နှင့် တပ်ဖွဲ့မှူး မင်းမြတ်ဘုန်းတို့က ပစ္စည်း(၁၉)မျိုးပါ Hygiene Kit ကာလတန်ဘိုး (၂)သိန်း ခန့်ရှိ ပစ္စည်းများ ထည့်ထားသည့် ဗုံးတစ်ဗုံးအား နေအိမ်ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုဝင်များ လက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)