ဂွမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်သည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်သည့် အခမ်းအနားကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၂၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ မဏိကဉ္ဇဏဝေလာဗိမာန်တွင် ကျင်းပခဲ့ပြီး လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါးကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဂွမြို့နယ်အတွက် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် သံဃာ့ဝန်ဆောင် ဆရာတော် (၄၂)ပါးရှိပြီး ကိုယ်တိုင်ဆန္ဒမဲပေးသူ(၂၂)ပါး၊ စာဖြင့် ဆန္ဒမဲပေးသူ(၁၉)ပါး၊ ပျက်ကွက်(၁)ပါး၊  (၉၈)ရာခိုင်နှုန်းဖြင့် ဆန္ဒပြုရွေးချယ်ခဲ့ကြပြီး ကြီးကြပ်ရေး အဖွဲ့ဝင် ဆရာတော်(၃)ပါးဖြင့် အတည်ပြုရွေးချယ်ခဲ့ကြသည်။

အစားထိုးရွေးချယ်ပွဲ အခမ်းအနားတွင် သဘာပတိ ဆရာတော်အဖြစ် အစားထိုးရွေးချယ်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ဘဒ္ဒန္တဣန္ဒာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) မင်းပြားမြို့ ပရိရတ္တိ ဓမ္မိကာရုံကျောင်းတိုက် ဆရာတော်က ဆောင်ရွက်၍ ဩဝါဒကထာများ မိန့်ကြားခဲ့သည်။

အစားထိုးရွေးချယ်ခြင်းနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို အစားထိုးရွေးချယ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က ရှင်းလင်းတင်ပြ လျှောက်ထားပြီး  ဂွမြို့နယ်အတွက် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ် တစ်ပါးအား အဆိုပြုအမည်စာရင်း တင်သွင်းပြီး ရွေးချယ်ခံရသည့် သံဃသမ္မုတိရသံဃာ့ ဆရာတော်အား အတည်ပြု ခန့်ထားခြင်းကို သဘာပတိ ဆရာတော်က အတည်ပြုချက်ရယူကာ အစားထိုးရွေးချယ်ပွဲ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။


သတင်း -ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)