ရုရှား - ယူကရိန်း ၅ ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား - ယူကရိန်း ၅ ရက်မြောက်နေ့



နီယို ( ဖေ ၂၈ )

ယူကရိန်းမှာ ကျန်နေသေးတဲ့ အိန္ဒိယသားတွေကို ပြန်ခေါ်ဖို့ အိန္ဒိယက ဝန်ကြီး ၅ ဦးကို လွှတ်ထား ။

ရုရှား - ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ၁၉၈၂ ကတည်း မကျင်းပရသေးတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အရေးပေါ်အစည်းအဝေး ကို ဒီနေ့ မနက်မှာ စလုပ်နေ။

ရုရှား - ယူကရိန်းစစ်ပွဲမှာ ကလေးငယ် ၁၄ဦးအပါအဝင် အရပ်သား ၃၅၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၁၆ ဦးအပါအဝင် ၁၆၈၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘလွန်းဘာဂ် သတင်းဌာနအဆိုအရ ရုရှား ပိုက်ဆံ ရူဘယ်က ၃၀ % အထိထိုးကျသွားပါတယ်။ ဒီနေ့မနက်ပေါက်ဈေးက ၁ဒေါ်လာကို ၁၁၄. ၃၃ ရူဘယ်အထိ ကျဆင်းသွားပါတယ်။

ရုရှားကို ပြန်ချဖို့အတွက် ယူကရိန်း နိုင်ငံကို သေစေတတ်တဲ့ လက်နက်ပစ္စည်းအပြည့်အစုံပို့ပေးမယ်လို့ သြစတေးလျှ အစိုးရ ဒီနေ့မနက်မှာပဲ ပြောကြားသွားပါတယ်။

ယူကရိန်းမှာကြီးပြင်ခဲ့တဲ့ ရုရှား ဘီလီယံနာတွေ ဖြစ်တဲ့ ဖရစ်မန်းနဲ့ ဒီရီပက်စကာ တို့ က ဒီစစ်ပွဲကြီးကို အမြန်ဆုံး အဆုံးသတ်သွားစေ ချင်ပါတယ် လို့ပြောလာပါတယ်။ လူတွေအမြောက်အများ သေကြေ နေတာတွေက အလကားပဲလို့ ပြောပါတယ်။

ခါကိဗ် ပြည်နယ်အုပ်ချုပ်ရေးမှူး က သူ့ရဲ့ဖေ့စ်ဘုတ်မှာ လက်နက်ချလာတဲ့ ရုရှားစစ်သားတွေရဲ့ ပုံကိုတင်ပြီး အဲ့ဒိစစ်သားတွေက စစ်ပွဲစ ကတည်းက သူတို့ ရိက္ခာမရကြပါဘူး ၊ ဘာအတွက် စစ်တိုက်နေမှန်လည်း မသိပါဘူး ဆိုပြီး ရေးတင်ခဲ့ပါတယ်။

ဘီလာရုနယ်စပ်က ပိုလန်နဲ့ လစ်သူရေးနီးယားကို အနောက်အုပ်စုက နျူကလိယားလက်နက်တွေ လာထားမယ်ဆိုရင် ဘီလာရုအနေနဲ့ ရုရှားကို နျူကလိယ လက်နက်တွေ ထားခွင့်ပေးရေး မပေးရေး အတွက် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေပါတယ်လို့ ဘီလာရုသမ္မတ လူကာရှန်ကို ကပြောပါတယ်။

ယူကရိန်းက ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး မာရီယာ ( အိပ်မက် ) ကို ရုရှားလေတပ်က ဖျက်စီးပစ်လိုက်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲ့ဒါမျိုးကို သူတို့ ပြန်တည်ဆောက်နိုင်တယ်လို့လည်းဟစ်ကြွေးထားပါတယ်။

ဘရာဇီးသမ္မတ ဂျားဘော်ဆိုနာရို ကတော့ သူတို့အနေနဲ့ ရုရှား - ယူကရိန်း ပြဿနာမှာ ကြားနေ အဖြစ်နဲ့ပဲ နေမယ်။ ဘက်ရွေး စရာမလိုဘူး ။ အကူအညီလိုရင် ဘယ်ဘက်မဆို အကူအညီပေးမယ်လို့ ပြောလာပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)