(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ ဖေဖော်ဝါရီ ၁၈

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး က (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီး ဝိုင်းပြိုင်ပွဲ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲစစ်တီးဝိုင်းအသင်း၊ ဒုတိယ ဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်း အသင်း နှင့် ပထမဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်းအသင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အသင်းလိုက်ဆုများကို ပေးအပ်ချီးမြှင့်ရာ (ခ) အဆင့် အသင်းလိုက် အထူးဆု(၂) ရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီး ဝိုင်းအသင်း၊ အသင်းလိုက် အထူးဆု(၁)ရရှိသည့် အမှတ်(၉၉) ခြေလျင်တပ်မဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ အသင်းလိုက် တတိယဆုရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အသင်းလိုက် ဒုတိယ ဆုရရှိသည့် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အသင်းလိုက် ပထမဆုရရှိသည့် အမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီး ဝိုင်းအသင်း တို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် (က)အဆင့်တွင် စစ်တီးဝိုင်း ခေါင်းဆောင်ကျွမ်းကျင်မှု အကောင်းဆုံး ဆုရရှိသည့် ကာကွယ်ရေးဦစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အသင်းလိုက် အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ အသင်း လိုက် တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ အသင်းလိုက် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အသင်းလိုက် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှစတင် ကျင်းပခဲ့ပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီး ဝိုင်းပြိုင်ပွဲကို ဖေဖော် ဝါရီလ ၁၄ ရက်မှ စတင်၍ ယနေ့ထိကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း ၂၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)